ထိုညတွင် ရှင်ဘုရင်သည် အိပ်မပျော်သဖြင့် ရာဇဝင်မှတ်တမ်းစာလိပ်ကို ယူလာရန် အမိန့်ပေး၏။ သူတို့သည်လည်းယူလာ၍ ဘုရင့်ရှေ့မှောက်၌ ဖတ်ပြကြ၏။ ထိုမှတ်တမ်းထဲတွင် ဘုရင့်မိန်းမစိုးနှစ်ဦးဖြစ်သော တံခါးစောင့်ဗိဂသန်နှင့်တေရက်တို့သည် အာရွှေရုမင်းကြီးကိုလုပ်ကြံရန် အခွင့်ကောင်းရှာသည့်အကြောင်းကို မော်ဒကဲထုတ်ဖော်ပြောကြားခဲ့ကြောင်း ရေးမှတ်ထားသည်ကိုတွေ့ရှိရ၏။