YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာဒုတိယစောင် 3မှ လူကြိုက်နှစ်သက်သော ကျမ်းပိုဒ်များ။

သို့သော် နောက်ဆုံး​သော​နေ့ရက်​တို့​၌ ခဲယဉ်း​သော​အချိန်​ကာလ​များ​ကျရောက်​မည်​ဖြစ်​ကြောင်း သိမှတ်​လော့။ အကြောင်းမူကား လူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်​သော​သူ၊ ငွေ​ကို​တပ်မက်​သော​သူ၊ ကြွားဝါ​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ စော်ကား​ပြောဆို​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ ကျေးဇူး​မ​သိ​သော​သူ၊ မ​သန့်ရှင်း​သော​သူ၊ ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ ရန်ငြိုး​ဖွဲ့​သော​သူ၊ ကုန်းချော​တတ်​သော​သူ၊ မိမိ​စိတ်​ကို​မချုပ်တည်း​နိုင်​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ ကောင်း​သော​အမှု​ကို​မုန်း​သော​သူ၊ သစ္စာဖောက်​သော​သူ၊ မဆင်မခြင်​ပြု​သော​သူ၊ မောက်မာ​သော​သူ၊ ဘုရားသခင်​ကို​နှစ်သက်​သည်​ထက် ကာမဂုဏ်​ခံစား​ခြင်း​ကို သာ၍​နှစ်သက်​သော​သူ၊ ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။

​တိမောသေဩဝါဒစာဒုတိယစောင် 3 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။