သမ္မာကျမ်းစာကို အတူဖတ်ရှုကြပါစို့။ (စက်တင်ဘာလ)
30 ရက္
၁၂ ပိုင်းတွဲမှ အပိုင်း ၉၊ ဤအစီအစဉ်သည် ဖတ်ရှုသူများအား သမ္မ္ာကျမ်းစာကို ၃၆၅ရက်အတွင်း အတူတူ ဖတ်ရှုပြီးစီးစေပါမည်။ လစဉ် အပိုင်းသစ်ကို ဖတ်ရှုသည့်အခါတိုင်း အခြားသောသူများကိုလည်း ဖတ်ရန် ဖိတ်ခေါ်ပါ။ ဤအစီအစဉ်တွဲများကို အသံဖြင့်နားထောင်နိုင်သောကျမ်းစာနှင့်အတူတူ လေ့လာပါက ပိုထိရောက်ပါသည်။__ တစ်ရက်ကို အနည်းဆုံးမိနစ် ၂၀ခန့် နားထောင်ပါ။ အပိုင်းတိုင်းတွင် ဓမ္မဟောင်း၊ ဓမ္မသစ်အခန်းကြီးများ ပါဝင်ပြီး ၎င်းအခန်းကြီးများတွင် ဆာလံကျမ်းပါ အနှံ့ ပါဝင်နေပါသည်။ အပိုင်း ၉တွင် နေဟမိမှတ်စာ၊ ဧသတာဝတ္ထု၊ တိမောသေသြဝါဒစောင် ပထမစောင်၊ ဒုတိယစောင်၊ ယောလအနာဂတ္တိကျမ်း၊ အာမုတ်အနာဂတ္တိကျမ်း၊ သြဗဒိဗျာဒိတ်ရူပါရုံ၊ နာဟုံအနာဂတ္တိကျမ်း၊ ဟဗက္ကုတ်အနာဂတ္တိကျမ်း၊ ဇေဖနိအနာဂတ္တိကျမ်း၊ တိတုသြဝါဒစာ၊ ဖိလေမုန်သြဝါဒစာ၊ ရှင်ယာကုပ်သြဝါဒစာ၊ ဇာခရိအနာဂတ္တိကျမ်း၊ မာလခိအနာဂတ္တိကျမ်းတို့ ပါဝင်ပါသည်။