YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်​မြောက်​ရာ 27:20-21

ထွက်​မြောက်​ရာ 27:20-21 JBZV

ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တွင်၊ သက်​သေ​ခံ​ချက်​ထား​ရာ​အ​ရပ်​ကို​ကာ​သော ကု​လား​ကာ​ပြင်​မှာ၊ မီး​ခုံ၌ အ​စဉ်​မ​ပြတ်​မီး​ထွန်း​စ​ရာ​ဖို့၊ သံ​လွင်​သီး​ကို ထောင်း​၍​ယူ​သော​သံ​လွင်​ဆီ​စစ်​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဆောင်​ခဲ့​ရ​ကြ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ညဥ့်​ဦး​မှ​သည် နံ​နက်​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​အ​မှု​ကို​စီ​ရင်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​သည်၊ သား​အ​စဉ်​အ​ဆက်​စောင့်​ရ​သော ပ​ညတ်​တော်​ဖြစ်​သ​တည်း။