YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိတုဩဝါဒစာ 1:6-8

တိတုဩဝါဒစာ 1:6-8 MSBZ

အသင်းတော်​အကြီးအကဲ​သည် အပြစ်တင်​စရာ​မ​ရှိ​သော​သူ၊ မယား​တစ်ဦးတည်း​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​၏​သားသမီး​တို့​သည်​လည်း ယုံကြည်​သူ​များ​ဖြစ်​ရ​မည်​ဖြစ်​ပြီး အပျော်ကြူး​ခြင်း​ကြောင့်​စွပ်စွဲ​ခံရ​သူ​များ​၊ သို့မဟုတ် နာခံ​မှု​မ​ရှိ​သော​သူ​များ​မ​ဖြစ်​ရ။ အကြောင်းမူကား ကြီးကြပ်​သူ​သည် ဘုရားသခင်​၏​ဘဏ္ဍာစိုး​ဖြစ်​သည်​နှင့်အညီ အပြစ်တင်​စရာ​မ​ရှိ​သော​သူ​ဖြစ်​ရ​မည်။ သူ​သည် ထင်ရာစိုင်း​တတ်​သော​သူ၊ စိတ်တို​သော​သူ၊ သေ​သောက်ကြူး​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​သော​သူ​မ​ဟုတ်​ဘဲ ဧည့်ဝတ်​ကျေပွန်​သော​သူ၊ ကောင်းမြတ်​သော​အရာ​ကို​နှစ်သက်​သော​သူ၊ ဣနြေ္ဒ​စောင့်​သော​သူ၊ ဖြောင့်မတ်​သော​သူ၊ သန့်ရှင်း​သော​သူ၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​နိုင်​သော​သူ​ဖြစ်​ရ​မည်။