YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရောမဩဝါဒစာ 2:17-24

ရောမဩဝါဒစာ 2:17-24 MSBZ

အကယ်၍ သင်​သည် မိမိ​ကိုယ်​ကို​ဂျူး​လူမျိုး​ဟု​ခေါ်​လျက်၊ ပညတ်​တရား​ကို​ကိုးစား​လျက်၊ ဘုရားသခင်​၌​ဝါကြွား​လျက်၊ အလို​တော်​ကို​သိ​လျက်၊ ပညတ်​တရား​၏​သွန်သင်​မှု​ကို ခံယူ​ပြီး​ဖြစ်​သောကြောင့် မြင့်မြတ်​သော​အရာ​များ​ကို ပိုင်းခြား​သိရှိ​လျက် ပညတ်​တရား​အားဖြင့် အသိပညာ​နှင့်​သမ္မာတရား​တို့​၏​အနှစ်သာရ​ကို ရရှိ​ထား​သည်​ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်​တို့​၏​လမ်းပြ၊ အမှောင်​ထဲ၌​နေ​သော​သူ​တို့​အတွက်​အလင်း၊ မိုက်မဲ​သော​သူ​တို့​ကို​ဆုံးမ​ပဲ့ပြင်​သူ၊ ကလေး​သူငယ်​များ​၏​ဆရာ​ဖြစ်​သည်​ဟု ယုံကြည်​စိတ်ချ​လျှင် သူတစ်ပါး​ကို​သွန်သင်​လျက်​ပင် သင့်ကိုယ်သင်​မ​သွန်သင်​သလော။ မ​ခိုးယူ​ရ​ဟု​ဟောပြော​လျက်​ပင် သင်​ကိုယ်တိုင်​ခိုးယူ​ရ​သလော။ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို မ​ကျူးလွန်​ရ​ဟု​ဆို​လျက်​ပင် သင်​ကိုယ်တိုင်​ကျူးလွန်​ရ​သလော။ ရုပ်တု​များ​ကို​ရွံရှာ​လျက်​ပင် ၎င်း​တို့​၏​ဗိမာန်​များ​ကို သင်​ကိုယ်တိုင်​ဖောက်ထွင်း​လုယူ​ရ​သလော။ ပညတ်​တရား​၌​ဝါကြွား​လျက်​ပင် သင်​ကိုယ်တိုင်​ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​ခြင်း​ဖြင့် ဘုရားသခင်​ကို​မထီလေးစား​ပြု​ရ​သလော။ ဤသည်ကား “ဘုရားသခင်​၏​နာမ​တော်​သည် သင်​တို့​ကြောင့် လူမျိုးခြား​တို့​တွင် စော်ကား​ပြောဆို​ခြင်း​ကို​ခံရ​လျက်​ရှိ​၏”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။