YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 8:3-5

ဗျာဒိတ်ကျမ်း 8:3-5 MSBZ

တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် နံ့သာ​ပူဇော်​ရာ​ရွှေ​ခွက်​ကို​ကိုင်​လျက် ယဇ်ပလ္လင်​အနား​သို့​လာ​၍​ရပ်​လေ​ရာ သန့်ရှင်း​သူ​အပေါင်း​တို့​၏​ဆုတောင်း​ချက်​များ​နှင့်​ပေါင်းစပ်၍ ပလ္လင်​တော်​ရှေ့​၌​ရှိ​သည့် ရွှေ​ယဇ်ပလ္လင်​ပေါ်တွင်​ဆက်ကပ်​ရန် များစွာ​သော​နံ့သာပေါင်း​ကို သူ့​အား​ပေး​လေ​၏။ ထိုအခါ နံ့သာပေါင်း​၏​အခိုးအငွေ့​သည် သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​နှင့်အတူ ကောင်းကင်​တမန်​၏​လက်​ထဲမှ ဘုရားသခင်​၏​ရှေ့​တော်​သို့​တက်​သွား​လေ​၏။ ထို့နောက် ထို​ကောင်းကင်​တမန်​သည် နံ့သာ​ပူဇော်​ရာ​ခွက်​ကို​ယူ​၍ ၎င်း​ကို ယဇ်ပလ္လင်​၏​မီး​နှင့်​ပြည့်​စေ​ပြီးလျှင် မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​ရာ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ ဖြစ်ပေါ်​လေ​၏။