ဗျာဒိတ်ကျမ်း 6:15-17
ဗျာဒိတ်ကျမ်း 6:15-17 MSBZ
ထိုအခါ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များ၊ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများ၊ ချမ်းသာသောသူများ၊ ခွန်အားကြီးသောသူများမှစ၍ ကျွန်နှင့်လွတ်လပ်သူရှိသမျှတို့သည် လိုဏ်ဂူတို့၌လည်းကောင်း၊ တောင်များပေါ်ရှိ ကျောက်ဆောင်တို့ကြား၌လည်းကောင်း ပုန်းအောင်းကြပြီးလျှင် တောင်များနှင့်ကျောက်ဆောင်များအား “ငါတို့အပေါ်သို့ပြိုကျလျက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏မျက်နှာတော်နှင့် သိုးသငယ်တော်၏အမျက်တော်မှ ငါတို့ကိုဖုံးကွယ်ကြပါ။ အကြောင်းမူကား အမျက်တော်ထင်ရှားရာနေ့ရက်ကြီးကျရောက်လာပြီဖြစ်၍ မည်သူသည် ခံရပ်နိုင်မည်နည်း”ဟု ပြောဆိုကြ၏။