YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 21:24-26

ဗျာဒိတ်ကျမ်း 21:24-26 MSBZ

လူမျိုး​တကာ​တို့​သည် ထို​မြို့​၏​အလင်း​ကို​အမှီပြု၍ သွားလာ​ကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည်​လည်း မိမိ​တို့​၏​ဘုန်း​အသရေ​ကို ထို​မြို့​သို့​ယူဆောင်​လာ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ည​မ​ရှိ​သောကြောင့် မြို့​တံခါး​များ​ကို မည်သည့်​နေ့ရက်​တွင်​မျှ ပိတ်​ထား​ခြင်း​မ​ရှိ။ လူ​တို့​သည် လူမျိုး​တကာ​တို့​၏​ဘုန်း​အသရေ​နှင့် ဂုဏ်သရေ​တို့​ကို ထို​မြို့​သို့​ယူဆောင်​လာ​ကြ​လိမ့်မည်။