YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဗျာဒိတ်ကျမ်း 1:9-11

ဗျာဒိတ်ကျမ်း 1:9-11 MSBZ

ယေရှု​၌​ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ နိုင်ငံ​တော်​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​ကို​လည်းကောင်း သင်​တို့​နှင့်အတူ မျှဝေ​ခံစား​သူ​ဖြစ်​သော သင်​တို့​၏​ညီအစ်ကို ငါ​ယောဟန်​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​တို့​ကြောင့် ပတ်မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။ သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။ ထို​အသံ​က“သင်​မြင်​ရ​သော​အရာ​ကို စာစောင်​တွင်​ရေးသား​၍ ဧဖက်​မြို့၊ စမုရန​မြို့၊ ပေရဂံ​မြို့၊ သွာတိရ​မြို့၊ သာဒိ​မြို့၊ ဖိလဒေလဖိ​မြို့​နှင့် လောဒိကိ​မြို့​တို့​၌​ရှိ​သော အသင်းတော်​ခုနစ်​ပါး​ထံသို့ ပေးပို့​လော့”​ဟု ဆို​၏။