YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 78:23-29

ဆာလံကျမ်း 78:23-29 MSBZ

သို့သော် ကိုယ်တော်​သည် အထက်​အရပ်​မှ​မိုးတိမ်​တို့​ကို​အမိန့်ပေး​၍ ကောင်းကင်​တံခါး​တို့​ကို​ဖွင့်​ကာ သူ​တို့​စား​ရန် မန္နမုန့်​ကို​သူ​တို့​အပေါ်​ရွာကျ​စေ​ပြီး ကောင်းကင်​မှ​ကောက်ပဲသီးနှံ​ကို သူ​တို့​အား​ပေး​တော်မူ​၏​။ လူ​သည် ကောင်းကင်တမန်​တို့​၏​မုန့်​ကို စား​ခဲ့​ရ​၏​။ ကိုယ်တော်​သည် သူ​တို့​အား စားနပ်ရိက္ခာ​ကို ပြည့်စုံကြွယ်ဝ​စွာ​ပို့ပေး​တော်မူ​၏​။ ကိုယ်တော်​သည် အရှေ့​လေ​ကို ကောင်းကင်​မှ​ထွက်ခွာ​စေ​ပြီး မိမိ​၏​အစွမ်းသတ္တိ​အားဖြင့် တောင်​လေ​ကို​တိုက်ခတ်​လာ​စေ​တော်မူ​၏​။ ဤသို့ဖြင့် အသား​ကို မြေမှုန့်​နှင့်အမျှ​၊ တောင်ပံ​ပါ​သော​ငှက်​တို့​ကို သမုဒ္ဒရာ​၏​သဲပွင့်​နှင့်အမျှ သူ​တို့​အပေါ်​ရွာကျ​စေ​တော်မူ​ပြီး သူ​တို့​၏​စခန်း​အတွင်း​နှင့် သူ​တို့​နေထိုင်ရာအရပ်​ပတ်လည်​၌ ကျ​စေ​တော်မူ​၏​။ ထိုသို့ သူ​တို့​၏​အာသာဆန္ဒ​အတိုင်း သူ​တို့​အား ပေး​တော်မူ​သဖြင့် သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​၏​။