YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 78:17-21

ဆာလံကျမ်း 78:17-21 MSBZ

သို့သော် သူ​တို့​သည် အမြင့်ဆုံး​သော​အရှင်​ကို ခြောက်သွေ့​သော​အရပ်​တွင်​ပုန်ကန်​သော​အားဖြင့် နောက်တစ်ဖန်​ထပ်၍ ကိုယ်တော်​ကို​ပြစ်မှား​ကြ​၏​။ မိမိ​တို့​အလိုရှိ​သော​အစားအစာ​ကို​လည်း တောင်းဆို​ခြင်း​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ဘုရားသခင်​ကို​စမ်းသပ်​ကြ​၏​။ သူ​တို့​က “​ဘုရားသခင်​သည် တောကန္တာရ​တွင် စားပွဲ​ကို​တည်ခင်း​နိုင်​ပါ​မည်လော​။ ကျောက်ဆောင်​ကို​ရိုက်​သောအခါ ရေ​များ​စီးထွက်​လာ​ပါ​၏​။ စမ်းချောင်း​များ​စီးဆင်း​ပါ​၏​။ သို့သော် မုန့်​ကို​ကား ပေး​နိုင်​ပါ​မည်​လော​။ မိမိ​လူမျိုး​တော်​အတွက် အသား​ကို ပြင်ဆင်​ပေး​နိုင်​ပါ​မည်​လော​”​ဟု ဘုရားသခင်​ကို ဆန့်ကျင်​ပြောဆို​ကြ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ထို​စကား​ကို​ကြား​၍ အမျက်ထွက်​တော်မူ​၏​။ မီး​သည် ယာကုပ်​အမျိုး​ပေါ်၌ ထလောင်​၍ အမျက်​တော်​သည်​လည်း အစ္စရေး​အမျိုး​အပေါ် သက်ရောက်​လေ​၏​။