ဆာလံကျမ်း 19:1-4
ဆာလံကျမ်း 19:1-4 MSBZ
ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုပြောကြား၍ မိုးမျက်နှာကြက်သည် ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာကိုဖော်ပြ၏။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ မြွက်ဟပြောဆို၍ တစ်ညပြီးတစ်ညအသိပညာကိုပြသကြ၏။ နှုတ်မြွက်ခြင်းမရှိ၊ စကားပြောခြင်းလည်းမရှိ။ သူတို့၏အသံကိုလည်းမကြားရ။ သို့သော် သူတို့၏အသံသည် ကမ္ဘာမြေတစ်ခွင်လုံးသို့ပျံ့နှံ့သွား၍ သူတို့၏စကားသည် ကမ္ဘာလောကအစွန်းတိုင်အောင်ရောက်လေ၏။