YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 15:1-4

ဆာလံကျမ်း 15:1-4 MSBZ

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တဲ​တော်​၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။ ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​ပေါ်၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။ ထို​သူ​ကား အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​၊ ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ မိမိ​စိတ်နှလုံး​မှ သစ္စာစကား​ကို​ပြောဆို​သော​သူ​၊ မိမိ​နှုတ်​ဖြင့်​အတင်းပြောဆို​ခြင်း​မ​ပြု​သော​သူ​၊ မိမိ​၏​အိမ်နီးချင်း​အပေါ်​မကောင်းမှု​ကို​မ​ပြု​သော​သူ​၊ မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ပြု​သော​သူ​၊ ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊