YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 15

15
ဘုရားဝတ်၌မွေ့လျော်သူတို့၏စရိုက်လက္ခဏာ
ဒါဝိဒ်​၏​ဆာလံ
1အို ထာဝရဘုရား​၊ ကိုယ်တော်​၏​တဲ​တော်​၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။
ကိုယ်တော်​၏​သန့်ရှင်း​သော​တောင်​တော်​ပေါ်၌ မည်သူ​နေထိုင်​ရ​ပါ​မည်နည်း​။
2ထို​သူ​ကား အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​၊
ဖြောင့်မတ်​စွာ​ပြုကျင့်​သော​သူ​၊ မိမိ​စိတ်နှလုံး​မှ သစ္စာစကား​ကို​ပြောဆို​သော​သူ​၊
3မိမိ​နှုတ်#15:3 တိုက်ရိုက်ပြန်ဆိုလျှင် “လျှာ”။ဖြင့်​အတင်းပြောဆို​ခြင်း​မ​ပြု​သော​သူ​၊ မိမိ​၏​အိမ်နီးချင်း​အပေါ်​မကောင်းမှု​ကို​မ​ပြု​သော​သူ​၊
မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကဲ့ရဲ့ပြစ်တင်​ခြင်း​မ​ပြု​သော​သူ​၊
4ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊
မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊
5မိမိ​ငွေ​ကို အတိုး​ဖြင့်​ချေးငှား​ခြင်း​မ​ပြု​၊ အပြစ်ကင်း​သော​သူ​ကို​ထိခိုက်​စေ​သည့်
တံစိုးလက်ဆောင်​ကို​လက်​မ​ခံ​သော​သူ​ပင်တည်း​။ ဤသို့​ပြု​သော​သူ​သည် မည်သည့်​အခါ​မျှ​တုန်လှုပ်​မည်​မ​ဟုတ်​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 15: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။