YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 128

128
ထာဝရဘုရားကိုကြောက်ရွံ့သောမိသားစု
အတက်လမ်း​သီချင်း
1ထာဝရဘုရား​ကို ကြောက်ရွံ့​သော​သူ​၊
ကိုယ်တော်​၏​လမ်း​တော်​များ​အတိုင်း အသက်ရှင်​လျှောက်လှမ်း​သော​သူ​ရှိသမျှ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။
2သင်​သည် မိမိ​လက်​ဖြင့် လုပ်ဆောင်​ရရှိ​သော အသီးအပွင့်​ကို အမှန်ပင် စား​ရ​လိမ့်မည်​။
သင်​သည် မင်္ဂလာ​ရှိ​၍ ကောင်းကျိုးချမ်းသာ​ကို ခံစား​ရ​လိမ့်မည်​။
3သင့်​အိမ်​တွင် သင်​၏​မယား​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​ကဲ့သို့ ဖြစ်​လိမ့်မည်​။
သင်​၏​သားသမီး​တို့​သည်​လည်း သံလွင်​ပျိုးပင်​များ​ကဲ့သို့ သင့်​စားပွဲ​ပတ်လည်​၌​ရှိ​နေ​လိမ့်မည်​။
4ကြည့်ရှု​လော့​။ ထာဝရဘုရား​ကို ကြောက်ရွံ့​သော​သူ​သည်
ထိုကဲ့သို့ ကောင်းချီးမင်္ဂလာ​ခံစား​ရ​လိမ့်မည်​။
5ထာဝရဘုရား​သည် သင့်​ကို ဇိအုန်​မှ ကောင်းချီးပေး​တော်မူ​ပါစေသော​။
သင်​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ဂျေရုဆလင်​မြို့​၏​ကောင်းကျိုးချမ်းသာ​ကို တွေ့မြင်​ရ​ပါစေသော​။
6သင့်​သားသမီး​တို့​၏​သားသမီး​များ​ကို​လည်း တွေ့မြင်​ရ​ပါစေသော​။
အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 128: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ