YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 127:3-5

ဆာလံကျမ်း 127:3-5 MSBZ

သားသမီး​တို့​သည် ထာဝရဘုရား​ပေး​တော်မူ​သော​အမွေ​ဖြစ်​ကြ​၏​။ ဖွားမြင်​သော​ရင်သွေး​သည် ဆုလာဘ်​တော်​ဖြစ်​၏​။ ပျိုရွယ်​စဉ်​ရ​သော​သားသမီး​တို့​သည် စစ်သူရဲ​လက်​၌​ရှိ​သော​မြား​တို့​နှင့်​တူ​ကြ​၏​။ မိမိ​၏​မြားကျည်တောက်​ကို ထို​မြား​တို့​နှင့်​ပြည့်​စေ​သော​သူ​သည် မင်္ဂလာ​ရှိ​၏​။ သူ​သည် တံခါးဝ​၌ ရန်သူ​များ​နှင့်​ရင်ဆိုင်​ပြောဆို​သောအခါ အရှက်ကွဲ​ရ​လိမ့်မည်​မ​ဟုတ်​။