YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံကျမ်း 125

125
လူမျိုးတော်၏ယုံကြည်ကိုးစားရာ
အတက်လမ်း​သီချင်း
1ထာဝရဘုရား​ကို ယုံကြည်ကိုးစား​သော​သူ​တို့​သည် မ​တုန်​မ​လှုပ်​၊
အစဉ်အမြဲ​တည်​သော ဇိအုန်​တောင်​ကဲ့သို့​ဖြစ်​ကြ​၏​။
2တောင်​များ​သည် ဂျေရုဆလင်​မြို့​ကို​ဝန်းရံ​ထား​သကဲ့သို့
ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို ယခု​မှစ၍ ကာလ​အစဉ်အဆက်​ဝန်းရံ​ထား​တော်မူ​၏​။
3ဖြောင့်မတ်​သော​သူ​တို့​သည် မိမိ​တို့​လက်​ကို မကောင်းမှု​အတွက်​အသုံး​မ​ပြု​မိ​စေရန်
ဆိုးယုတ်​သော​သူ​၏​ရာဇလှံတံ​သည် ဖြောင့်မတ်​သော​သူ​တို့​၏​ဝေစု​နယ်မြေ​ပေါ်၌ မ​တည်​မ​နေ​ရ​။
4အို ထာဝရဘုရား​၊ သူတော်ကောင်း​နှင့်
စိတ်နှလုံး​ဖြောင့်မှန်​သော​သူ​တို့​ကို ကောင်းစား​စေ​တော်မူ​ပါ​။
5မိမိ​တို့​၏​ကောက်ကျစ်​သော​လမ်း​များ​ဘက်​သို့ လှည့်သွား​သော​သူ​တို့​ကို​ကား
ထာဝရဘုရား​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​နှင့်အတူ နှင်ထုတ်​တော်မူ​လိမ့်မည်​။
အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။

လက်ရှိရွေးချယ်ထားမှု

ဆာလံကျမ်း 125: MSBZ

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ