ဆာလံကျမ်း 105:16-19
ဆာလံကျမ်း 105:16-19 MSBZ
တစ်ဖန် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကိုဆိုက်ရောက်စေ၍ အစားအစာထောက်ပံ့မှုရှိသမျှကို ဖြတ်တောက်တော်မူ၏။ ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံရသူ ယောသပ်ကို သူတို့ရှေ့မှစေလွှတ်တော်မူ၏။ လူတို့သည် သူ၏ခြေကို ခြေချင်းနှင့်နာကျင်စေကြ၏။ သူ၏လည်ပင်းတွင်လည်း သံလည်ပတ်ကို တပ်ကြ၏။ သူ၏စကားပြည့်စုံခြင်းသို့ရောက်သည့်အထိ ထာဝရဘုရား၏မိန့်တော်မူချက်သည် သူ့ကိုစစ်ကြောတော်မူ၏။