YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 7:1-13

သုတ္တံကျမ်း 7:1-13 MSBZ

ငါ့​သား​၊ ငါ့​စကား​တို့​ကို​စောင့်ထိန်း​၍ ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​လော့​။ ငါ​၏​ပညတ်ချက်​တို့​ကို​စောင့်ထိန်း​၍ အသက်ရှင်​လော့​။ ငါ​၏​သွန်သင်ချက်​ကို သင်​၏​မျက်စိ​သူငယ်အိမ်​ကဲ့သို့ စောင့်ထိန်း​လော့​။ ၎င်း​တို့​ကို သင်​၏​လက်ချောင်း​တို့​တွင်​ချည်​ထား​၍ သင်​၏​နှလုံးသား​ပြင်​၌ ရေး​ထား​လော့​။ ဉာဏ်ပညာ​အား “​သင်​သည် ငါ​၏​အစ်မ​ဖြစ်​သည်​”​ဟု ဆို​၍ အသိဉာဏ်​အား “​ဆွေမျိုးသားချင်း​”​ဟု ခေါ်​လော့​။ သို့ပြုလျှင် ၎င်း​တို့​သည် အကျင့်​ဖောက်ပြား​သော​မိန်းမ​၏ ဘေးရန်​မှ​လည်းကောင်း​၊ စကား​များ​ဖြင့်​မြှူဆွယ်​တတ်​သည့် ကိုယ်ကျင့်​တရား​ပျက်ပြား​သော​မိန်းမ​၏ ဘေးရန်​မှ​လည်းကောင်း သင့်​ကို​စောင့်ရှောက်​လိမ့်မည်​။ ငါ​သည် ငါ​၏​အိမ်​ပြတင်းပေါက်​ရာဇမတ်ကွက်​ကြားမှ မျှော်ကြည့်​သောအခါ အသိဉာဏ်​နည်းပါး​သော​သူ​များ​ကြား​တွင် အသိစိတ်​မ​ရှိ​သော​လုလင်​တစ်​ဦး​ကို ငါ​မြင်​၍ လူငယ်​များ​အလယ်​တွင် သူ့​ကို​သတိပြု​မိ​၏​။ ထို​သူ​သည် မိန်းမ​တစ်​ဦး​နေထိုင်​ရာ လမ်း​ထောင့်​နား​မှ​ဖြတ်သွား​၍ ထို​မိန်းမ​၏​အိမ်​ရှိ​ရာ​လမ်း​သို့​လျှောက်သွား​လေ​၏​။ အချိန်​ကား မှောင်ရီပျိုး​ချိန်​၊ နေဝင်ချိန်​၊ ည​သန်းခေါင်​အချိန်​နှင့် မှောင်မိုက်​သော​အချိန်​ဖြစ်​၏​။ ထိုအခါ ပြည့်တန်ဆာ​အဝတ်​ကို​ဝတ်​၍ စိတ်နှလုံး​ထဲ၌ လျှို့ဝှက်​သော​အကြံ​ရှိ​သည့်​မိန်းမ​သည် သူ့​ကို​ကြိုဆို​လေ​၏​။ ထို​မိန်းမ​သည် အာကျယ်​၍​ခေါင်းမာ​၏​။ ခြေ​မ​ငြိမ်​၊ အိမ်​မ​ကပ်​၊ ယခုပင် အပြင်​၌​၊ ယခုပင် လမ်းဆုံ​၌​ရှိ​လျက် လမ်း​ထောင့်​ရှိသမျှ​တို့​၌ ချောင်းမြောင်း​နေ​တတ်​၏​။ သူ​သည် ထို​လုလင်​ကို​ဆွဲ​၍ နမ်း​ပြီးလျှင်