YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 31:13-18

သုတ္တံကျမ်း 31:13-18 MSBZ

သူ​သည် သိုးမွေး​နှင့်​ဗီသွာလျှော်​ကို​ရှာ​ပြီးလျှင် မိမိ​၏​လက်​ဖြင့် စိတ်ပါလက်ပါ​လုပ်ဆောင်​တတ်​၏​။ ကုန်သွယ်​သင်္ဘော​များ​ကဲ့သို့ မိမိ​၏​အစားအစာ​ကို ဝေးလံ​သော​အရပ်​မှ​သယ်ဆောင်​လာ​တတ်​၏​။ မိုးမလင်းမီ​ထ​ပြီး မိမိ​အိမ်သူအိမ်သား​များ​အတွက် စားစရာ​ကို​ပြင်ဆင်​၍ အစေခံ​မိန်းကလေး​များ​ကို အလုပ်​ခွဲဝေ​သတ်မှတ်​ပေး​တတ်​၏​။ လယ်ယာ​ကို​ကြည့်ရှု​သုံးသပ်​ပြီးမှ ၎င်း​ကို​ဝယ်ယူ​၍ မိမိ​လက်​နှင့် လုပ်ကိုင်​ရရှိ​သော​အကျိုးအမြတ်​ဖြင့် စပျစ်ခြံ​ကို​စိုက်ပျိုး​တတ်​၏​။ မိမိ​ခါး​ကို အစွမ်းသတ္တိ​နှင့်​စည်း​၍ မိမိ​လက်မောင်း​တို့​ကို သန်မာ​စေ​တတ်​၏​။ မိမိ​၏​ကုန်ပစ္စည်း​သည် အကျိုးအမြတ်​ရှိ​ကြောင်း​ကို သိမြင်​တတ်​၏​။ သူ​၏​မီးခွက်​သည် ညအချိန်​၌ မ​ငြိမ်း​တတ်​။

သုတ္တံကျမ်း 31:13-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။