သုတ္တံကျမ်း 2:1-7
သုတ္တံကျမ်း 2:1-7 MSBZ
ငါ့သား၊ သင်သည် ငါ့စကားတို့ကိုခံယူ၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားကာ ဉာဏ်ပညာကို အာရုံစိုက်နားထောင်လျက် ထိုးထွင်းဉာဏ်ဘက်သို့ သင်၏စိတ်နှလုံးကို တိမ်းညွတ်စေလျှင်လည်းကောင်း၊ အသိဉာဏ်ကိုခေါ်၍ ထိုးထွင်းဉာဏ်ဘက်သို့ သင်၏အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာသကဲ့သို့ ဉာဏ်ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကိုရှာဖွေသကဲ့သို့ ထိုဉာဏ်ပညာကိုရှာဖွေလျှင်လည်းကောင်း သင်သည် ထာဝရဘုရားအားကြောက်ရွံ့ခြင်းကို နားလည်၍ ဘုရားသခင်အားသိသောဉာဏ်ကို ရရှိလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် ဉာဏ်ပညာကိုပေးတော်မူ၏။ အသိပညာနှင့် ထိုးထွင်းဉာဏ်သည် ကိုယ်တော်၏နှုတ်တော်မှလာ၏။ ကိုယ်တော်သည် ဖြောင့်မှန်သောသူတို့အတွက် မှန်ကန်ပြည့်စုံသောဉာဏ်ကိုသိုမှီးထား၍ တည်ကြည်စွာလျှောက်လှမ်းသောသူတို့အတွက် ဒိုင်းလွှားဖြစ်တော်မူ၏။