YouVersion လိုဂို
ရှာရန် အိုင်ကွန်

သုတ္တံကျမ်း 2:1-11

သုတ္တံကျမ်း 2:1-11 MSBZ

ငါ့​သား​၊ သင်​သည် ငါ့​စကား​တို့​ကို​ခံယူ​၍ ငါ​၏​ပညတ်ချက်​တို့​ကို သင့်​အထဲ​၌​သိုမှီး​ထား​ကာ ဉာဏ်ပညာ​ကို အာရုံစိုက်​နားထောင်​လျက် ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​စိတ်နှလုံး​ကို တိမ်းညွတ်​စေ​လျှင်​လည်းကောင်း​၊ အသိဉာဏ်​ကို​ခေါ်​၍ ထိုးထွင်းဉာဏ်​ဘက်​သို့ သင်​၏​အသံ​ကို​လွှင့်​လျှင်​လည်းကောင်း​၊ ငွေ​ကို​ရှာ​သကဲ့သို့ ဉာဏ်ပညာ​ကို​ရှာ​၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​ရှာဖွေ​သကဲ့သို့ ထို​ဉာဏ်ပညာ​ကို​ရှာဖွေ​လျှင်​လည်းကောင်း သင်​သည် ထာဝရဘုရား​အား​ကြောက်ရွံ့​ခြင်း​ကို နားလည်​၍ ဘုရားသခင်​အား​သိ​သော​ဉာဏ်​ကို ရရှိ​လိမ့်မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။ ကိုယ်တော်​သည် ဖြောင့်မှန်​သော​သူ​တို့​အတွက် မှန်ကန်​ပြည့်စုံ​သော​ဉာဏ်​ကို​သိုမှီး​ထား​၍ တည်ကြည်​စွာ​လျှောက်လှမ်း​သော​သူ​တို့​အတွက် ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ တရားမျှတ​ခြင်း​လမ်းစဉ်​တို့​ကို​လည်း ကာကွယ်​၍ မိမိ​သန့်ရှင်း​သူ​တို့​၏​လမ်း​ကို စောင့်ရှောက်​တော်မူ​၏​။ ထိုအခါ သင်​သည် ဖြောင့်မတ်​ခြင်း​၊ တရားမျှတ​ခြင်း​၊ သမာသမတ်​ရှိ​ခြင်း​နှင့် ကောင်းမြတ်​သော​လမ်း​ရှိသမျှ​တို့​ကို နားလည်​လိမ့်မည်​။ ဉာဏ်ပညာ​သည် သင်​၏​စိတ်နှလုံး​ထဲသို့​ဝင်​၍ အသိပညာ​သည် သင်​၏​စိတ်ဝိညာဉ်​ကို ရွှင်လန်း​ဝမ်းမြောက်​စေ​သောအခါ အလိမ္မာဉာဏ်​သည် သင့်​ကို​စောင့်ရှောက်​၍ ထိုးထွင်းဉာဏ်​သည် သင့်​ကို​ကာကွယ်​သဖြင့်