YouVersion လိုဂို
ရှာရန် အိုင်ကွန်

တောလည်ရာကျမ်း 7:1-29

တောလည်ရာကျမ်း 7:1-29 MSBZ

မောရှေ​သည် ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ကို တည်​ပြီး​သော​နေ့​၌ ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​နှင့် ထို​တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​ကို ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။ ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​ကို​လည်း ဘိသိက်သွန်း​၍ သန့်ရှင်း​စေ​၏​။ အစ္စရေး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​များ​ဖြစ်​သည့် စာရင်းဝင်​သူ​တို့​ကို ကြီးကြပ်​ရ​သော အမျိုးအနွယ်​တို့​၏​ခေါင်းဆောင်​များ​သည် လှူဖွယ်ဝတ္ထု​များ​ကို ပူဇော်​ကြ​၏​။ ခေါင်းဆောင်​နှစ်​ယောက်​လျှင် ပေါင်းမိုးပါလှည်းအိမ်​တစ်​ခု​၊ တစ်​ယောက်​လျှင် နွား​တစ်​ကောင်​၊ စုစုပေါင်း လှည်းအိမ်​ခြောက်​ခု​နှင့် နွား​တစ်ဆယ့်နှစ်​ကောင်​စသည့် ပူဇော်သက္ကာ​တို့​ကို ထာဝရဘုရား​ရှေ့​တော်​သို့ ယူဆောင်​ခဲ့​ကြ​ပြီး ကိန်းဝပ်​တော်မူ​ရာ​တဲ​တော်​ရှေ့​၌ ပူဇော်​ကြ​၏​။ ထာဝရဘုရား​က မောရှေ​အား “​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၏​အမှု​တော်​၌ အသုံးပြု​ရန်​အတွက် သူ​တို့​ထံ​မှ ထို​လှူဖွယ်ဝတ္ထု​တို့​ကို ခံယူ​လော့​။ သင်​သည် ထို​အရာ​တို့​ကို လေဝိ​အမျိုး​အသီးသီး​တို့ ထမ်းဆောင်​ရ​သည့်​တာဝန်​အလိုက် ပေးအပ်​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း လှည်းအိမ်​နှင့်​နွား​တို့​ကို​ခံယူ​ပြီး လေဝိ​အမျိုး​တို့​အား ပေးအပ်​လေ​၏​။ ယဇ်ပုရောဟိတ်​အာရုန်​၏​သား ဣသမာ​ဦးဆောင်မှု​အောက်​၌​တာဝန်ထမ်း​သော ဂေရရှုန်​သားမြေး​တို့​အား သူ​တို့​ထမ်းဆောင်​ရ​သည့်​တာဝန်​အလိုက် လှည်းအိမ်​နှစ်​ခု​နှင့်​နွား​လေး​ကောင်​၊ မေရာရိ​သားမြေး​တို့​အား သူ​တို့​ထမ်းဆောင်​ရ​သည့်​တာဝန်​အလိုက် လှည်းအိမ်​လေး​ခု​နှင့်​နွား​ရှစ်​ကောင်​ကို​ပေးအပ်​လေ​၏​။ ကောဟတ်​သားမြေး​တို့​ကို​မူကား မ​ပေးအပ်​ချေ​။ အကြောင်းမှာ သူ​တို့​သည် သန့်ရှင်းသောအရာ​တို့​ကို တာဝန်ယူ​ရ​၍ ၎င်း​တို့​ကို ပခုံး​ဖြင့် ထမ်း​ရ​သောကြောင့်​ဖြစ်​၏​။ ယဇ်ပလ္လင်​ကို ဘိသိက်သွန်း​သော​နေ့​၌ ခေါင်းဆောင်​တို့​သည် ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် ပူဇော်သက္ကာ​များ​ကို ယူဆောင်​လာ​၍ မိမိ​တို့​၏​ပူဇော်သက္ကာ​ကို ယဇ်ပလ္လင်​ရှေ့​၌ ပူဇော်​ကြ​၏​။ အကြောင်းမှာ ထာဝရဘုရား​က မောရှေ​အား “​ခေါင်းဆောင်​တို့​သည် ယဇ်ပလ္လင်​ဆက်ကပ်​ခြင်း​အတွက် တစ်​နေ့​လျှင်​တစ်​ယောက် မိမိ​တို့​၏​ပူဇော်သက္ကာ​ကို ယူဆောင်​လာ​ရ​မည်​”​ဟု မိန့်​တော်မူ​ခဲ့​၏​။ ပထမ​နေ့​၌ ယုဒ​အမျိုးအနွယ်​မှ အမိနဒပ်​၏​သား နာရှုန်​သည် ပူဇော်သက္ကာ​ကို ယူဆောင်​လာ​၏​။ သူ​၏​ပူဇော်သက္ကာ​များ​မှာ ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊ နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊ မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊ အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​အထီး​တစ်​ကောင်​၊ မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား အမိနဒပ်​၏​သား နာရှုန်​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။ ဒုတိယ​နေ့​၌ ဣသခါ​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ဇုအာ​၏​သား​နာသနေလ​သည် ပူဇော်သက္ကာ​ကို ယူဆောင်​လာ​၏​။ သူ​ယူဆောင်​လာ​သော​ပူဇော်သက္ကာ​များ​မှာ ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊ နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊ မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊ အပြစ်ဖြေရာယဇ်​အတွက် ဆိတ်သငယ်​အထီး​တစ်​ကောင်​၊ မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဇုအာ​၏​သား နာသနေလ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။ တတိယ​နေ့​၌ ဇာဗုလုန်​သားမြေး​တို့​၏​ခေါင်းဆောင်​၊ ဟေလုန်​၏​သား ဧလျာဘ ယူဆောင်​လာ​သော ပူဇော်သက္ကာ​များ​မှာ ဘောဇဉ်ပူဇော်သက္ကာ​အတွက် ဆီ​နှင့်​ရော​သော​အကောင်းဆုံး​ဂျုံမှုန့်​အပြည့်​ပါ​သည့် သန့်ရှင်းရာဌာန​၏​ရှယ်ကယ်​စံနှုန်း​နှင့်အညီ အလေးချိန်​ရှယ်ကယ်​တစ်ရာ့​သုံးဆယ်​ရှိ​သော ငွေ​လင်ပန်း​တစ်​ချပ်​နှင့် ရှယ်ကယ်​ခုနစ်ဆယ်​ရှိ​သော ငွေ​ဇလုံ​တစ်​လုံး​၊ နံ့သာပေါင်း​အပြည့်​ပါ​သည့် ရှယ်ကယ်​တစ်ဆယ်​ရှိ​သော ရွှေ​ခွက်​တစ်​လုံး​၊ မီးရှို့ရာယဇ်​အတွက် နွားအုပ်​ထဲမှ နွားထီး​ပျို​တစ်​ကောင်​၊ သိုးထီး​တစ်​ကောင်​၊ တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​၊ အပြစ်ဖြေရာယဇ်​အတွက် ဆိတ်ထီးကလေး​တစ်​ကောင်​၊ မိတ်သဟာယယဇ်​အတွက် နွားထီး​နှစ်​ကောင်​၊ သိုးထီး​ငါး​ကောင်​၊ ဆိတ်ထီး​ငါး​ကောင်​နှင့် တစ်နှစ်သားအရွယ် သိုးသငယ်​ငါး​ကောင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ဟေလုန်​၏​သား ဧလျာဘ​၏​ပူဇော်သက္ကာ​များ ဖြစ်​၏​။