YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 26:6-10

ရှင်မဿဲခရစ်ဝင် 26:6-10 MSBZ

ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​၌ ယေရှု​ရှိ​တော်မူ​စဉ် အလွန်​တန်ဖိုးကြီး​သော​ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ပါ​သော အမျိုးသမီး​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ စားပွဲ​၌​ထိုင်​နေ​သော ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ထို​ဆီမွှေး​ကို သွန်းလောင်း​လေ​၏။ တပည့်​တော်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် စိတ်ဆိုး​လျက် “အဘယ်ကြောင့် ဤသို့​ဖြုန်းတီး​ရ​သနည်း။ ဤ​ဆီမွှေး​ကို အဖိုး​များစွာ​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​ကို ပေးကမ်း​နိုင်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​သည် သိ​တော်မူ​၍“ဤ​အမျိုးသမီး​ကို အဘယ်ကြောင့် နှောင့်ယှက်​ကြ​သနည်း။ အမှန်စင်စစ် သူ​သည် ငါ့​အတွက် ကောင်း​သော​အမှု​ကို​ပြု​လေ​ပြီ။