YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 10:1-5

ရှင်မဿဲခရစ်ဝင် 10:1-5 MSBZ

ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ ညစ်ညူး​သော​နတ်​တို့​ကို​နိုင်​ရ​သော​အခွင့်​အာဏာ​ကို သူ​တို့​အား​ပေး​တော်မူ​၏။ ဤသည်ကား ထို​နတ်​တို့​ကို​နှင်ထုတ်​စေရန်​နှင့် ရောဂါ​အမျိုးမျိုး​မှစ၍ အဖျားအနာ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေရန်​အတွက်​ဖြစ်​၏။ တစ်ဆယ့်နှစ်​ပါး​သော​တမန်တော်​တို့​၏​နာမည်​များ​ကား ပထမ​မှာ ပေတရု​ဟု​ခေါ်​သော​ရှိမုန်​နှင့် သူ့​ညီ​အနြေ္ဒ၊ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ့​ညီ​ယောဟန်၊ ဖိလိပ္ပု​နှင့်​ဗာသောလမဲ၊ သောမ​နှင့်​အခွန်​ကောက်ခံ​သူ​မဿဲ၊ အာလဖဲ​၏​သား ယာကုပ်​နှင့်​သဒ္ဒဲ၊ မျိုးချစ်​ပုဂ္ဂိုလ်​ရှိမုန်​နှင့် ကိုယ်တော်​ကို​အပ်နှံ​သည့် ယုဒ​ဣရှကာရုတ်​တို့​ဖြစ်​ကြ​၏။ ယေရှု​သည် ဤ​တစ်ဆယ့်နှစ်​ပါး​တို့​ကို​စေလွှတ်​၍ မိန့်မှာ​တော်မူ​သည်​ကား“လူမျိုးခြား​တို့​ရှိ​ရာ​လမ်း​သို့ မ​သွား​ကြ​နှင့်။ ရှမာရိ​နယ်သား​တို့​၏​မြို့​ထဲသို့​လည်း မ​ဝင်​ကြ​နှင့်။

ရှင်မဿဲခရစ်ဝင် 10:1-5 အကြောင်း ဗီဒီယိုများ