YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 11:9-13

ရှင်လုကာခရစ်ဝင် 11:9-13 MSBZ

ထို့ကြောင့် သင်​တို့​အား ငါ​ဆို​မည်။ တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​ရ​ကြ​လိမ့်မည်။ ရှာ​ကြ​လော့။ ရှာ​လျှင် သင်​တို့​တွေ့​ကြ​လိမ့်မည်။ တံခါး​ကို​ခေါက်​ကြ​လော့။ ခေါက်​လျှင် သင်​တို့​ကို ဖွင့်​ပေး​လိမ့်မည်။ အကြောင်းမူကား တောင်း​သော​သူ​တိုင်း​သည်​ရ​၏။ ရှာ​သော​သူ​သည်​လည်း​တွေ့​၏။ တံခါး​ခေါက်​သော​သူ​ကို​လည်း ဖွင့်​ပေး​လိမ့်မည်။ သင်​တို့​တွင် မည်သည့်​ဖခင်​သည် သား​က ငါး​ကို​တောင်း​သောအခါ ငါး​အစား​မြွေ​ကို​ပေး​မည်နည်း၊ သို့မဟုတ် ကြက်ဥ​ကို​တောင်း​သောအခါ ကင်းမြီးကောက်​ကို​ပေး​မည်နည်း။ သင်​တို့​သည် မကောင်း​သော​သူ​များ​ဖြစ်​ကြ​လျက်​ပင် သင်​တို့​၏​သားသမီး​များ​အား ကောင်း​သော​လက်ဆောင်​များ​ပေး​ရ​မည်​ကို​သိ​ကြ​လျှင် ကောင်းကင်​ဘုံ​ရှင်​အဖ​သည် မိမိ​ထံ​တောင်းလျှောက်​သော​သူ​များ​အား သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို သာ၍​ပင် ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။

ရှင်လုကာခရစ်ဝင် 11:9-13 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။