ယောနဝတ္ထု 4:9-11
ယောနဝတ္ထု 4:9-11 MSBZ
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။ ထာဝရဘုရားကလည်း “သင် မစိုက်ပျိုး၊ မပြုစုရဘဲ ညတွင်းချင်းပေါက်၍ ညတွင်းချင်းသေသွားသော ကြက်ဆူပင်ကို သင်နှမြောလျှင် ငါသည် တိရစ္ဆာန်အများအပြားကို မဆိုထားနှင့်၊ မိမိလက်ဝဲလက်ယာကိုပင် ခွဲခြားမသိနိုင်သောလူတစ်သိန်းနှစ်သောင်းကျော်ရှိသောနိနေဝေမြို့ကြီးကို နှမြောသင့်သည်မဟုတ်လော”ဟု မိန့်တော်မူ၏။