YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 40:1-5

ယောဘဝတ္ထု 40:1-5 MSBZ

ထာဝရဘုရား​က ဆက်၍ ယောဘ​အား “​အပြစ်တင်​ပြောဆို​တတ်​သော​သူ​၊ သင်​သည် အနန္တတန်ခိုးရှင်​ကို ဖက်ပြိုင်​မည်လော​။ ဘုရားသခင်​နှင့် ငြင်းခုံ​လို​သော​သူ​၊ သင်​ပြန်ပြော​ပါ​လော့​”​ဟု မိန့်​တော်မူ​လျှင် ယောဘ​က ထာဝရဘုရား​အား “​ကြည့်ရှု​လော့​။ အကျွန်ုပ်​သည် ယုတ်ညံ့​သော​သူ​ဖြစ်​ပါ​၏​။ ကိုယ်တော်​ကို မည်သို့​ပြန်လျှောက်​နိုင်​ပါ​မည်နည်း​။ အကျွန်ုပ်​နှုတ်​ကို လက်​နှင့်​ပိတ်​ထား​ပါ​ပြီ​။ အကျွန်ုပ်​သည် တစ်ကြိမ် နှစ်ကြိမ်​မက ပြောဆို​မိ​ပါ​ပြီ​။ ယခုမှာ နောက်ထပ်​မ​ပြော​တော့​ပါ​”​ဟု ပြန်လျှောက်​၏​။