YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 33:19-22

ယေရမိအနာဂတ္တိကျမ်း 33:19-22 MSBZ

ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ယေရမိ​ထံသို့ ရောက်လာ​ပြန်​၍ “​ထာဝရဘုရား​က ‘နေ့​နှင့်​ည​တို့ သူ့​အချိန်​နှင့်​သူ ရောက်​မ​လာ​အောင် နေ့​နှင့်ဆိုင်သော​ပဋိညာဉ်​၊ ည​နှင့်ဆိုင်သော​ပဋိညာဉ်​ကို သင်​တို့​ချိုးဖောက်​နိုင်​လျှင် ငါ​၏​အစေအပါး​ဒါဝိဒ်​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ပျက်​ပြီး သူ​၏​ရာဇပလ္လင်​ပေါ် စိုးစံ​သော​မင်းမျိုး​ပြတ်​မည်​။ ငါ့​အမှု​ကို​ထမ်းဆောင်​သော​လေဝိ​အမျိုး ယဇ်ပုရောဟိတ်​တို့​နှင့်​ဖွဲ့​သော​ပဋိညာဉ်​လည်း ပျက်​မည်​။ ကောင်းကင်​ကြယ်​များ မ​ရေတွက်​နိုင်​အောင်​များပြား​သကဲ့သို့​၊ သမုဒ္ဒရာ​သဲလုံး​များ အတိုင်းအဆ​မ​ရှိ​များပြား​သကဲ့သို့ ငါ့​အစေအပါး​ဒါဝိဒ်​အမျိုးအနွယ်​၊ ငါ့​အမှု​ကို​ထမ်းဆောင်​သော​လေဝိ​အမျိုး​တို့​ကို ငါ​များပြား​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်​”​ဟု မိန့်ဆို​၏​။