YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိအနာဂတ္တိကျမ်း 33:1-6

ယေရမိအနာဂတ္တိကျမ်း 33:1-6 MSBZ

ထောင်ဝင်း​ထဲ၌ ယေရမိ​ချုပ်နှောင်​ထား​ခြင်း​ခံ​နေ​ရ​စဉ် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သူ့​ထံသို့ ဒုတိယ​အကြိမ်​ရောက်လာ​၍ “ကမ္ဘာမြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​၊ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သော​ထာဝရဘုရား​၊ ယေဟောဝါ​အမည်​ရှိ​သော ထာဝရဘုရား​က ‘ငါ့​ကို​ခေါ်​လော့​။ ငါ​ထူး​မည်​။ သင်​မ​သိ နား​မ​လည်​နိုင်​သော ကြီးမြတ်​သော​အရာ​၊ ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို သင့်​အား​ပြောပြ​မည်’​ဟု မိန့်​တော်မူ​၏​။ ခါလဒဲ​လူ​တို့​၏​မြေကတုတ်​နှင့် ဓားဘေး​ကို​ခုခံကာကွယ်​ရန် ဖြိုဖျက်​ခံရ​သော ဤ​မြို့​တွင်း​ရှိ အိမ်​များ​၊ ယုဒ​ဘုရင်​တို့​၏​နန်းတော်​များ​နှင့်​ပတ်သက်၍ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ‘သူ​တို့​သည် ခါလဒဲ​တပ်​နှင့်​တိုက်ခိုက်​ရန်​သွား​ကြ​သော်လည်း သူ​တို့​၏​မကောင်းမှု​များ​ကြောင့် ဤ​မြို့​ကို ငါ​မျက်နှာ​လွှဲ​ပြီ​ဖြစ်၍ မြို့​ထဲ၌ ငါ့​အမျက်​ဒေါသ​ဖြင့်​ကွပ်မျက်​သော အလောင်းကောင်​တို့​နှင့်​သာ ပြည့်​လိမ့်မည်​။ သို့သော် ငါ​သည် ဤ​မြို့​၏​အနာ​ကို ကုသ​ပေး​မည်​။ ပြန်လည်​ကျန်းမာ​စေ​မည်​။ ငြိမ်းချမ်း​ခြင်း​၊ ဘေးကင်းလုံခြုံ​ခြင်း အပြည့်အဝ​ခံစား​စေ​မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။