YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 43:16-21

ဟေရှာယအနာဂတ္တိကျမ်း 43:16-21 MSBZ

ပင်လယ်ပြင်​၌ လမ်းမ​ကို​လည်းကောင်း​၊ လှိုင်းထန်​သော​ရေပြင်​၌ လမ်း​ကို​လည်းကောင်း ဖြစ်​စေ​တော်မူ​သော​၊ ရထား​နှင့် မြင်း​၊ စစ်သည်​နှင့်​အင်အားကြီးမား​သော​သူ​တို့​ကို ထုတ်ဆောင်​၍ သူ​တို့​ကို မ​ထ​နိုင်​အောင် အတူတကွ​လဲ​စေ​ပြီး မီးစာ​ကို​ငြှိမ်း​သကဲ့သို့ ငြိမ်း​သွား​စေ​တော်မူ​သော ထာဝရဘုရား​က “​ယခင်က ဖြစ်ပျက်​ခဲ့​သော​အရာ​တို့​ကို မ​အောက်မေ့​ကြ​နှင့်​။ လွန်ခဲ့ပြီး​သော​အရာ​တို့​ကို မ​စဉ်းစား​ကြ​နှင့်​။ ကြည့်ရှု​လော့​။ အသစ်​သော​အရာ​ကို ငါ​ပြု​မည်​။ ယခု ထို​အရာ ဖြစ်လာ​ပြီ​။ သင်​တို့ မ​သိ​ကြ​သလော​။ အကယ်စင်စစ် တောကန္တာရ​၌ လမ်း​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ဖြစ်​စေ​မည်​။ ငါ​ရွေးချယ်​သော ငါ့​လူမျိုး​တို့​သောက်​ဖို့​ရန် တောကန္တာရ​၌​ရေ​များ​ကို​လည်းကောင်း​၊ သဲကန္တာရ​၌ မြစ်​တို့​ကို​လည်းကောင်း ငါ​ပေး​သောကြောင့် ခွေးအ​များ​၊ ငှက်ကုလားအုတ်​များ​နှင့် တောရိုင်းတိရစ္ဆာန်​တို့​သည် ငါ့​ကို ဂုဏ်ပြုချီးမွမ်း​ကြ​လိမ့်မည်​။ ငါ​၏​ဂုဏ်ကျေးဇူး​တော်​ကို ပြောကြား​ဖို့​ရန် လူမျိုး​တော်​ကို ငါ​ပုံဖော်ဖန်ဆင်း​ခဲ့​၏​။