YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 6:18-20

ဟေဗြဲဩဝါဒစာ 6:18-20 MSBZ

ဤသည်ကား ရှေ့၌​ပြင်ဆင်​ထား​သော​မျှော်လင့်​ခြင်း​ကို ဆွတ်ခူး​နိုင်​ရန်​အတွက် ထွက်ပြေး​လာ​သော​ငါ​တို့​သည် ဘုရားသခင်​မုသား​မ​သုံး​နိုင်​သော​အရာ​တည်းဟူသော မ​ပြောင်းလဲ​နိုင်​သည့်​အရာ​နှစ်​ပါး​အားဖြင့် ကြီးမား​သော​နှစ်သိမ့်​မှု​ကို​ခံစား​ရ​ကြ​မည့်​အကြောင်း​တည်း။ ထို​မျှော်လင့်​ခြင်း​သည် ငါ​တို့​၏​စိတ်ဝိညာဉ်​အတွက် ခိုင်ခံ့​မြဲမြံ​သော​ကျောက်ဆူး​ကဲ့သို့ ငါ​တို့​၌​ရှိ​၍ ဗိမာန်​တော်​ကန့်လန့်ကာ​အတွင်း​ဘက်​သို့​ဝင်​ရောက်​၏။ ယေရှု​သည် မေလခိဇေဒက်​နှင့်​အလားတူ​သော ထာဝရ​ယဇ်ပုရောဟိတ်​မင်း​ဖြစ်လာ​ပြီး ထို​ကန့်လန့်ကာ​အတွင်း​သို့ ရှေ့ဆောင်​လမ်းခင်း​ပေး​သူ​အဖြစ် ငါ​တို့​ကိုယ်စား​ဝင်​တော်မူ​၏။