YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲဩဝါဒစာ 3:7-11

ဟေဗြဲဩဝါဒစာ 3:7-11 MSBZ

ထို့ကြောင့် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ယနေ့ သင်​တို့​သည် ကိုယ်တော်​၏​အသံ​ကို​ကြား​လျှင် တော​ကန္တာရ​တွင် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​၌ ဆန့်ကျင်​ဘက်​ပြု​ကြ​စဉ်​က​ကဲ့သို့ သင်​တို့​စိတ်နှလုံး​ကို မ​မာကျော​စေ​ကြ​နှင့်။ ထို​အရပ်​တွင် သင်​တို့​ဘိုးဘေး​များ​သည် ငါ့​ကို​စမ်းသပ်​လျက် စစ်ဆေး​ကြ​ကာ အနှစ်​လေးဆယ်​အတွင်း ငါ​ပြု​သော​အမှု​များ​ကို တွေ့မြင်​ခဲ့​ကြ​၏။ သို့ဖြစ်၍ ထို​မျိုးဆက်​ကို ငါ​အမျက်ထွက်​ပြီး ‘သူ​တို့​သည် စိတ်နှလုံး​ထဲ၌ အစဉ်​လမ်းလွဲ​၍ ငါ​၏​လမ်း​ကို မ​သိ​ကြ’​ဟု ငါ​ဆို​၏။ ထို့ကြောင့် အမျက်​တော်​အားဖြင့် ငါ​တိုင်တည်​ပြောဆို​သကဲ့သို့ သူ​တို့​သည် ငါ​၏​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​ရ​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​သည့်​အတိုင်း