ဟေဗြဲဩဝါဒစာ 2:5-8
ဟေဗြဲဩဝါဒစာ 2:5-8 MSBZ
အကြောင်းမူကား ဘုရားသခင်သည် ငါတို့ပြောဆိုနေသော နောင်လာမည့်ကမ္ဘာကို ကောင်းကင်တမန်တို့၏လက်အောက်သို့ ချထားတော်မမူခဲ့ပေ။ တစ်ယောက်သောသူက “လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို အောက်မေ့တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို ကြည့်ရှုတော်မူရသနည်း။ ကိုယ်တော်သည် သူ့ကို ကောင်းကင်တမန်တို့ထက် ခေတ္တခဏ နိမ့်ကျစေပြီးလျှင် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သူ့ကို သရဖူဆောင်းစေတော်မူ၍ အရာခပ်သိမ်းတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ”ဟု ကျမ်းတစ်နေရာ၌သက်သေခံထား၏။ “အရာခပ်သိမ်းတို့ကို သူ့အောက်၌ချထားတော်မူပြီ”ဟု ဆိုရာတွင် သူ့အောက်၌မချထားဘဲ ချန်ထားတော်မူသည့်အရာတစ်စုံတစ်ခုမျှမရှိ။ ယခုမူကား အရာခပ်သိမ်းတို့ကို သူ့အောက်၌ချထားလျက်ရှိသည်ကို ငါတို့မမြင်ရသေး။