YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိဩဝါဒစာ 1:15-17

ဂလာတိဩဝါဒစာ 1:15-17 MSBZ

သို့သော် အမိ​ဝမ်း​ထဲ၌​ငါ​ရှိ​စဉ်​က​ပင် ငါ့​ကို​သီးသန့်​ရွေးချယ်​ထား​၍ မိမိ​၏​ကျေးဇူး​တော်​အားဖြင့် ငါ့​ကို​ခေါ်ယူ​တော်မူ​သော​ဘုရားသခင်​သည် မိမိ​၏​သား​တော်​အကြောင်း​ကို လူမျိုးခြား​တို့​တွင်​ဟောပြော​စေရန်​အတွက် ထို​သား​တော်​ကို ငါ့​အား​ဖော်ပြ​ရန် အလိုရှိ​တော်မူ​သောအခါ ငါ​သည် အသွေး​အသား​နှင့်​တိုင်ပင်​ခြင်း​ကို​မ​ပြု။ ငါ့​ထက်​အလျင်​ဦးစွာ တမန်တော်​ဖြစ်​နှင့်​သော​သူ​တို့​ရှိ​ရာ ဂျေရုဆလင်​မြို့​သို့​လည်း မ​သွား​ဘဲ အာရေဗျ​ပြည်​သို့ ချက်ချင်း​ထွက်ခွာ​သွား​ပြီးလျှင် ဒမတ်စကပ်​မြို့​သို့ တစ်ဖန်​ပြန်လာ​ခဲ့​၏။