တရားဟောရာကျမ်း 8:11-17
တရားဟောရာကျမ်း 8:11-17 MSBZ
ယနေ့ သင့်အား ငါဆင့်ဆိုသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းဘဲ ကိုယ်တော်အား မေ့လျော့မည်ကို သင့်ကိုယ်သင်သတိပြုလော့။ သို့မဟုတ်လျှင် သင်သည် ဝလင်စွာစားရသောအခါ၌လည်းကောင်း၊ အိမ်ကြီးအိမ်ကောင်းများကိုတည်ဆောက်၍ နေထိုင်သောအခါ၌လည်းကောင်း၊ သင်၏နွား၊ သင်၏သိုးဆိတ် ပွားများသောအခါ၌လည်းကောင်း၊ သင်၌ ရွှေ၊ ငွေများပြားသောအခါ၌လည်းကောင်း၊ သင်ပိုင်ဆိုင်သောအရာရှိသမျှ တိုးပွားသောအခါ၌လည်းကောင်း၊ သင်သည် မာနထောင်လွှား၍ ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင့်ကိုထုတ်ဆောင်တော်မူခဲ့သောအရှင်၊ မီးမြွေနှင့်ကင်းမြီးကောက်ပေါများသောအရပ်၊ ရေမရှိဘဲ ခြောက်သွေ့သောအရပ်၊ ကြောက်မက်ဖွယ်ကောင်းသော တောကန္တာရကြီး၌ သင့်ကိုပို့ဆောင်တော်မူသောအရှင်၊ သင့်အတွက် ရေကို မီးခတ်ကျောက်ထဲမှထွက်စေတော်မူသောအရှင်၊ သင့်ဘိုးဘေးတို့မသိသောမန္နဖြင့် တောကန္တာရ၌ သင့်ကိုကျွေးမွေးတော်မူသောအရှင်၊ နောက်ဆုံး၌ သင့်ကိုကောင်းစားစေမည့်အကြောင်း သင့်ကိုနှိမ့်ချခြင်းဖြင့် စမ်းသပ်တော်မူခဲ့သောအရှင်ဖြစ်တော်မူသည့် သင်၏ဘုရားသခင်ထာဝရဘုရားကို သင်မေ့လျော့လိမ့်မည်။ ထိုအခါ သင့်စိတ်ထဲ၌ ‘ဤဥစ္စာပစ္စည်းကို ငါ့အစွမ်း၊ ငါ့ခွန်အားဖြင့် ငါရရှိခဲ့၏’ဟု ဆိုမိလိမ့်မည်။