YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 4:1-2

တရားဟောရာကျမ်း 4:1-2 MSBZ

အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​အား သင်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​သို့ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​၍ ဝင်ရောက်​ပိုင်ဆိုင်​ရ​မည့်​အကြောင်း သင်​တို့​လိုက်နာ​ရ​မည့် ငါ​သွန်သင်​သော ပြဋ္ဌာန်းချက်​နှင့်​စီရင်ထုံးဖွဲ့ချက်​တို့​ကို နားထောင်​ကြ​လော့​။ သင်​တို့​အား ငါ​မှာကြား​သော​စကား​တို့​ကို မ​ဖြည့်စွက်​ရ​။ မ​နုတ်ပယ်​ရ​။ သင်​တို့​အား ငါ​ဆင့်ဆို​သော သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို စောင့်ထိန်း​ရ​မည်​။