YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 2:44-45

ဒံယေလအနာဂတ္တိကျမ်း 2:44-45 MSBZ

ထို​ရှင်ဘုရင်​များ​အုပ်စိုး​သည့်​ကာလ​တွင်ပင် ကောင်းကင်ဘုံရှင်​ဘုရားသခင်​သည် မည်သည့်​အခါ​မျှ​မ​ပျက်စီး​နိုင်​မည့်​နိုင်ငံ​တစ်​ခု​ကို တည်ထောင်​တော်မူ​လိမ့်မည်​။ ဤ​နိုင်ငံ​သည် အခြား​သူ​တို့​လက်​သို့ ရောက်​ရ​မည်​မ​ဟုတ်​။ အခြား​နိုင်ငံ​အားလုံး​ကို တစ်စစီခြေမွှ​ဖျက်ဆီး​ပစ်​မည်​။ ဤ​နိုင်ငံ​သည် အစဉ်အမြဲ​တည်​လိမ့်မည်​။ လူ​လက်​ဖြင့်​မ​ဟုတ်​ဘဲ ထုခွဲ​ထား​သော​ကျောက်တုံး​တစ်​တုံး​သည် တောင်​ပေါ်မှ​လိမ့်ကျ​လာ​ပြီး သံ​၊ ကြေးနီ​၊ ရွှံ့စေး​၊ ငွေ​၊ ရွှေ​တို့​ကို တစ်စစီကျိုးပဲ့​စေ​သည်​ကို အရှင်မင်းကြီး မြင်​ခဲ့​သည်​မှာ ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​သည် နောင်ကာလ​၌​ဖြစ်ပျက်​မည့်​အရာ​တို့​ကို အရှင်မင်းကြီး​အား ဖော်ပြ​ပေး​ခြင်း​ဖြစ်​၏​။ အိပ်မက်​သည် မှန်ကန်​ပါ​၏​။ အနက်အဓိပ္ပာယ်​မှာ​လည်း ယုံကြည်​ရ​ပါ​၏​”​ဟု လျှောက်ဆို​လေ​၏​။