YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 3:5-9

ကောလောသဲဩဝါဒစာ 3:5-9 MSBZ

ထို့ကြောင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကိလေသာ​ပြင်းပြ​ခြင်း၊ ဆိုးယုတ်​သော​တပ်မက်​ခြင်း​နှင့် ရုပ်တု​ကိုးကွယ်​ခြင်း​တည်းဟူသော လောဘ​လွန်ကျူး​ခြင်း စသည့်​မြေကြီး​နှင့်ဆိုင်သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။ ထို​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။ သင်​တို့​သည်​လည်း ယခင်​က ထို​အရာ​တို့​၌ အသက်ရှင်​ကြ​စဉ် ထို​အရာ​တို့​ထဲတွင် ကျင်လည်​ခဲ့​ကြ​၏။ ယခု​မူကား သင်​တို့​သည် အမျက်ထွက်​ခြင်း၊ ဒေါသ​ကြီး​ခြင်း၊ မလိုတမာ​ဖြစ်​ခြင်း၊ စော်ကား​ပြောဆို​ခြင်း​နှင့် သင်​တို့​၏​နှုတ်​မှ​ထွက်​သည့် ညစ်ညမ်း​ရိုင်းစိုင်း​သော​စကား စသည့်​အမှု​အလုံးစုံ​တို့​ကို ဖယ်ရှား​ကြ​လော့။ အချင်းချင်း​မ​လိမ်ညာ​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​သည် လူ​ဟောင်း​ကို ၎င်း​၏​အကျင့်​များ​နှင့်အတူ​ချွတ်ပယ်​၍

ကောလောသဲဩဝါဒစာ 3:5-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။