တမန်တော်ဝတ္ထု 8:26-29
တမန်တော်ဝတ္ထု 8:26-29 MSBZ
တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်က ဖိလိပ္ပုအား “သင်သည်ထ၍ ဂျေရုဆလင်မြို့မှ ဂါဇာမြို့သို့ ဆင်းသွားရာလမ်းအတိုင်း တောင်ဘက်သို့သွားလော့”ဟု မြွက်ဆို၏။ ထိုလမ်းသည် တောကန္တာရလမ်းဖြစ်၏။ ထို့ကြောင့် ဖိလိပ္ပုသည်ထ၍ သွားလေ၏။ ထိုစဉ် အီသီယိုးပီးယားဘုရင်မကန္ဒက်၏မှူးမတ်ကြီးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အီသီယိုးပီးယားပြည်သားတစ်ဦးသည် ဂျေရုဆလင်မြို့သို့ လာရောက်ဝတ်ပြုကိုးကွယ်ပြီး အပြန်ခရီးတွင် မိမိ၏ရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ကျမ်းကိုဖတ်နေ၏။ ထိုအခါ ဝိညာဉ်တော်သည် ဖိလိပ္ပုအား “ထိုရထားအနီးသို့သွား၍ ကပ်ပြီးလိုက်လော့”ဟု မိန့်တော်မူ၏။