တမန်တော်ဝတ္ထု 4:32-37
တမန်တော်ဝတ္ထု 4:32-37 MSBZ
ယုံကြည်သူတို့၏အစုအဝေးသည် တစ်စိတ်တစ်သဘောတည်းရှိကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟုမဆိုဘဲ ရှိသမျှသောအရာတို့ကို စုပေါင်းပိုင်ဆိုင်သောအရာအဖြစ်ထားကြ၏။ တမန်တော်တို့သည် သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် သက်သေခံကြ၍ ကြီးမားသောကျေးဇူးတော်သည် သူတို့အားလုံးအပေါ်သို့ သက်ရောက်လေ၏။ သူတို့ထဲတွင် ဆင်းရဲချို့တဲ့သူတစ်ယောက်မျှမရှိပေ။ အကြောင်းမူကား မြေကွက်၊ သို့မဟုတ် အိမ်ရာတို့ကို ပိုင်ဆိုင်သောသူရှိသမျှတို့သည် ၎င်းတို့ကိုရောင်းပြီးလျှင် ရရှိသောငွေများကို ယူဆောင်လာကာ တမန်တော်တို့၏ခြေရင်း၌ထား၍ တစ်ဦးချင်းစီ၌ လိုအပ်မှုရှိသည့်အတိုင်း အသီးသီးတို့အား ခွဲဝေပေးကြ၏။ နှစ်သိမ့်ခြင်း၏သားဟူသောအဓိပ္ပာယ်ရှိသည့် ဗာနဗဟု တမန်တော်တို့ခေါ်ကြသော ဆိုက်ပရပ်ကျွန်းသား လေဝိအနွယ်ဝင် ယောသပ်သည် မိမိပိုင်ဆိုင်သောမြေယာကိုရောင်းပြီးလျှင် ငွေကိုယူဆောင်လာကာ တမန်တော်တို့၏ခြေရင်း၌ထားလေ၏။