YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 23:33-35

တမန်တော်ဝတ္ထု 23:33-35 MSBZ

မြင်း​တပ်သား​တို့​သည် ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် စာ​ကို ဘုရင်ခံ​အား​ပေးအပ်​ကာ ပေါလု​ကို​လည်း သူ့​ထံသို့​အပ်​ကြ​၏။ ဘုရင်ခံ​သည် စာ​ကို​ဖတ်​ပြီးနောက် ပေါလု​အား မည်သည့်​ပြည်သား​ဖြစ်​သနည်း​ဟု​မေး​၍ ဆီလီဆီးယား​ပြည်သား​ဖြစ်​ကြောင်း ကြားသိ​လျှင် “သင့်​ကို​စွပ်စွဲ​သော​သူ​များ​ရောက်လာ​ကြ​သောအခါ သင့်​အမှု​ကို ငါ​ကြားနာ​မည်”​ဟု ဆို​လျက် ပေါလု​ကို ဟေရုဒ်​မင်း​၏​ရုံးတော်​တွင် စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​လေ​၏။