YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 1:1-3

တမန်တော်ဝတ္ထု 1:1-3 MSBZ

အို သော်ဖိလု၊ ယေရှု​သည် အမှု​တော်​ဆောင်ရွက်​ခြင်း​နှင့် သွန်သင်​ခြင်း​တို့​ကို အစပြု​တော်မူ​သည့်​အချိန်​မှစ၍ ရွေးကောက်​တော်မူ​သော​တမန်​တော်​များ​ကို သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် မိန့်မှာ​တော်မူ​ပြီးနောက် အထက်​သို့​ဆောင်ယူ​ခြင်း​ခံ​တော်မူ​သော​နေ့​တိုင်အောင် ဖြစ်ပျက်​သမျှ​တို့​ကို ပထမ​စာစောင်​၌ ငါ​ရေးသား​ဖော်ပြ​ခဲ့​၏​။ ကိုယ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​ပြီးနောက် မိမိ​အသက်ရှင်​လျက်​ရှိ​ကြောင်း ထို​တမန်တော်​တို့​အား အထောက်အထား​များစွာ​တို့​ဖြင့်​ပြသ​ကာ ရက်​ပေါင်း​လေးဆယ်​အတွင်း သူ​တို့​ထံ​ထင်ရှား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဟောပြော​တော်မူ​၏။