YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာဒုတိယစောင် 2:22-25

တိမောသေဩဝါဒစာဒုတိယစောင် 2:22-25 MSBZ

ထို့ကြောင့် သင်​သည် လူငယ်​တို့​၏​တပ်မက်​ခြင်း​များ​ကို​ရှောင်​၍ စင်ကြယ်​သော​စိတ်နှလုံး​ဖြင့် သခင်​ဘုရား​ကို​ပတ္ထနာ​ပြု​သော​သူ​တို့​နှင့်အတူ ဖြောင့်မတ်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် ငြိမ်သက်​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။ မိုက်မဲ​၍ ပညာမဲ့​သော​အငြင်းပွား​မှု​မူကား ခိုက်ရန်​ဖြစ်ပွား​စေ​တတ်​သည်​ဟု သိမှတ်​လျက် ရှောင်ရှား​လော့။ သခင်​ဘုရား​၏​အစေအပါး​သည် ခိုက်ရန်​မ​ဖြစ်​ရ။ သူ​သည် လူ​အပေါင်း​တို့​အပေါ် ဖြည်းညင်း​သော​သဘော​ရှိ​၍ သင်ကြား​ပေး​နိုင်​စွမ်း​ရှိ​သော​သူ၊ မတရား​သဖြင့်​ခံရ​ခြင်း​ကို သည်းခံ​တတ်​သော​သူ​ဖြစ်​ပြီး ဆန့်ကျင်ဘက်​ပြု​သော​သူ​တို့​ကို နူးညံ့​သိမ်မွေ့​သော​စိတ်​ဖြင့် ဆုံးမ​သွန်သင်​ရ​မည်။ သို့ပြုလျှင် ဘုရားသခင်​သည် သူ​တို့​အား နောင်တရ​သော​အခွင့်​ကို​ပေး​တော်မူ​သဖြင့် သူ​တို့​သည် သမ္မာတရား​ကို​သိရှိ​လာ​ကာ