YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောရိန်သုဩဝါဒစာဒုတိယစောင် 6:4-10

ကောရိန်သုဩဝါဒစာဒုတိယစောင် 6:4-10 MSBZ

အလွန်​သည်းခံ​ခြင်း​၌​ဖြစ်စေ၊ ဒုက္ခ​ဆင်းရဲ​ခြင်း​၌​ဖြစ်စေ၊ ခက်ခဲ​ကျပ်တည်း​ခြင်း​၌​ဖြစ်စေ၊ နာကျင်​ခြင်း​ဝေဒနာ​၌​ဖြစ်စေ၊ ရိုက်နှက်​ခံရ​ခြင်း​၌​ဖြစ်စေ၊ အကျဉ်းချ​ခံရ​ခြင်း​၌​ဖြစ်စေ၊ ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​၌​ဖြစ်စေ၊ ကြိုးပမ်း​အားထုတ်​ခြင်း​၌​ဖြစ်စေ၊ အိပ်ရေးပျက်​ခြင်း​၌​ဖြစ်စေ၊ အစာ​ပြတ်လပ်​ခြင်း​၌​ဖြစ်စေ၊ ဖြူစင်​ခြင်း​၌​ဖြစ်စေ၊ အသိပညာ​၌​ဖြစ်စေ၊ စိတ်ရှည်​ခြင်း​၌​ဖြစ်စေ၊ ကျေးဇူးပြု​ခြင်း​၌​ဖြစ်စေ၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​၌​ဖြစ်စေ၊ ဟန်ဆောင်​မှု​ကင်း​သော​မေတ္တာ​၌​ဖြစ်စေ၊ သမ္မာတရား​ကို​ဟောပြော​ခြင်း​၌​ဖြစ်စေ၊ ဘုရားသခင်​၏​တန်ခိုး​တော်​၌​ဖြစ်စေ၊ လက်ဝဲ​လက်ယာ​၌​ကိုင်​ထား​သော ဖြောင့်မတ်​ခြင်း​၏​လက်နက်​များ​အားဖြင့်​ဖြစ်စေ၊ အသရေ​ရှိ​သည်​ဖြစ်စေ၊ မ​ရှိ​သည်​ဖြစ်စေ၊ ဂုဏ်သတင်း​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ၊ အရာရာ​၌ မိမိ​တို့​ကိုယ်ကို​ဘုရားသခင်​၏​အစေခံ​များ​အဖြစ် ထင်ရှား​စေ​ကြ​၏။ ငါ​တို့​သည် လှည့်ဖြား​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း ဖြောင့်မှန်​သော​သူ​ဖြစ်​ကြ​၏။ အသိအမှတ်​ပြု​ခြင်း​မ​ခံရ​သကဲ့သို့​ဖြစ်​သော်လည်း အသိအမှတ်ပြု​ခြင်း​ခံရ​ကြ​၏။ သေအံ့ဆဲဆဲ​ဖြစ်​နေ​သူ​ကဲ့သို့​ဖြစ်​သော်လည်း အသက်ရှင်​လျက်​ရှိ​ကြ​၏။ ဆုံးမ​ခြင်း​ကို​ခံရ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အသတ်​မ​ခံရ​ကြ။ ဝမ်းနည်း​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အစဉ်​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ဆင်းရဲ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း များစွာ​သော​သူ​တို့​ကို ကြွယ်ဝ​ပြည့်စုံ​စေ​ကြ​၏။ မည်သည့်​အရာ​မျှ​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အလုံးစုံ​ကို​ပိုင်ဆိုင်​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။