ရာဇဝင်ချုပ်ဒုတိယစောင် 20:21-22
ရာဇဝင်ချုပ်ဒုတိယစောင် 20:21-22 MSBZ
မင်းကြီးသည် လူတို့နှင့် တိုင်ပင်ပြီးမှ တပ်ရှေ့တွင် ချီတက်၍ ထာဝရဘုရားထံ ချီးမွမ်းသီဆိုမည့်သူ၊ သန့်ရှင်းသောအသရေတော်ကို ချီးမွမ်းမည့်သူတို့ကို ခန့်ထား၍ “ထာဝရဘုရား၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်သည်ဖြစ်၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့”ဟု သီဆိုစေကြ၏။ ထိုသို့ စတင်ချီးမွမ်းသီဆိုလိုက်သည်နှင့် ယုဒပြည်ကို ဝင်ရောက်ကျူးကျော်သည့် အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် စိရတောင်ပေါ်သားတို့အား ချောင်းမြောင်းတိုက်ခိုက်မှုကို ထာဝရဘုရားဖြစ်စေတော်မူသဖြင့် သူတို့ ရှုံးနိမ့်သွားလေ၏။