YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာပထမစောင် 6:17-21

တိမောသေဩဝါဒစာပထမစောင် 6:17-21 MSBZ

ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ကို​ပြု​လျက် ကောင်း​သော​အကျင့်​များ​ဖြင့်​ကြွယ်ဝ​ကာ ရက်ရော​စွာ​ဝေမျှ​ပေးကမ်း​တတ်​သော​သူ​များ​ဖြစ်​ကြ​၍ စစ်မှန်​သော​အသက်​ကို​ရယူ​ပိုင်ဆိုင်​နိုင်​ဖို့​ရန် နောင်​ဘဝ​အတွက် ကောင်း​သော​အုတ်မြစ်​ကို မိမိ​တို့​အတွက်​ချထား​ကြ​ရန်​လည်းကောင်း ညွှန်ကြား​လော့။ အို တိမောသေ၊ သင်​၌​အပ်​ထား​သည့်​အရာ​ကို စောင့်ရှောက်​လော့။ ဘုရား​တရား​နှင့်​မ​ဆိုင်​သည့် အကျိုးမဲ့​သော​စကား​များ​နှင့် အသိပညာ​ဟု လွဲမှား​စွာ​ခေါ်ဝေါ်​ကြ​သည့် ကွဲလွဲ​ဆန့်ကျင်​သော​အရာ​များ​ကို ရှောင်ရှား​လော့။ လူ​အချို့​တို့​သည် ထို​အရာ​တို့​နောက်သို့​လိုက်​၍ ယုံကြည်​ခြင်း​လမ်း​မှ​လွဲချော်​သွား​ကြ​ပြီ။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။