YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာပထမစောင် 1:2-5

သက်သာလောနိတ်ဩဝါဒစာပထမစောင် 1:2-5 MSBZ

ငါ​တို့​သည် သင်​တို့​အားလုံး​အတွက် ဘုရားသခင်​ကို အစဉ်အမြဲ​ကျေးဇူးတင်​လျက် ငါ​တို့​၏​ဆုတောင်း​ချက်​များ​၌ သင်​တို့​ကို​သတိရ​ကာ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်ဆိုင်သော​လုပ်ဆောင်​မှု၊ မေတ္တာ​ဖြင့်​ကြိုးပမ်း​အားထုတ်​မှု​နှင့် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​ကို မျှော်လင့်​ခြင်း​အားဖြင့်​ဖြစ်ပေါ်​သော​သည်းခံ​မှု​တို့​ကို ငါ​တို့​အဖ​ဖြစ်​တော်မူ​သော​ဘုရားသခင်​ရှေ့​တော်​၌ အမြဲမပြတ်​အောက်မေ့​ကြ​၏။ ဘုရားသခင်​ချစ်​တော်မူ​သော​ညီအစ်ကို​တို့၊ သင်​တို့​သည် ရွေးကောက်​တော်မူ​ခြင်း​ခံရ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။ အကြောင်းမူကား ငါ​တို့​ဟောပြော​သည့် ကောင်းမြတ်​သော​သတင်း​သည် စကား​အားဖြင့်​သာ​မ​ဟုတ်​ဘဲ တန်ခိုး​တော်​အားဖြင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့်​လည်းကောင်း၊ ပြည့်ဝ​သော​စိတ်ချ​မှု​အားဖြင့်​လည်းကောင်း သင်​တို့​ထံသို့​ရောက်လာ​၏။ ငါ​တို့​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ် သင်​တို့​အတွက် မည်ကဲ့သို့သော​သူ​ဖြစ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။