ဓမ္မရာဇဝင်ပထမစောင် 8:1-3
ဓမ္မရာဇဝင်ပထမစောင် 8:1-3 MSBZ
ရှမွေလသည် အသက်ကြီးလာသောအခါ အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရန် မိမိ၏သားတို့ကို ခန့်အပ်ထား၏။ သူ၏သားဦးအမည်မှာ ယောလဖြစ်ပြီး ဒုတိယသားအမည်မှာ အဘိယဖြစ်၏။ သူတို့သည် ဗေရရှေဘမြို့၌ စီရင်အုပ်ချုပ်ရ၏။ သို့သော် သူ့သားတို့သည် သူလျှောက်သောလမ်းအတိုင်း မလိုက်ကြ။ မတရားအကျိုးစီးပွားကိုရှာကြ၏။ တံစိုးလက်ဆောင်ကို ခံယူကြ၏။ တရားမျှတမှုကို လွှဲရှောင်ကြ၏။